စည်သူဘလော့မှနွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ်

Tuesday, December 30, 2008

၂၀၀၉ ခုနှစ် နှစ်သစ်ကို ကြိုဆိုပါ၏

သူငယ်ချင်းတို့ရေ ဘာလိုလိုနဲ့ ၂၀၀၈ ခုနှစ် ကုန်လို့ ၂၀၀၉ ခုနှစ်ကို ရောက်တော့မယ်နော်.
နှစ်ဟောင်းမှာ ပြုလုပ်ခဲ့တဲ့ ကိစ္စအ၀၀ကို ပြန်ပြီး ဆန့်စစ်ကြည့်ကြပါအုံး
တစ်နှစ်တာအတောအတွင်းမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပေါ့။ အကောင်းအဆိုးအကြောင်း
အမျိုးမျိုးတော့ရှိကြမှာပေါ့နော်. ၂၀၀၉ ခုနှစ်အတွင်းမှာ အကောင်းတွေကြီး ဖြစ်အောင် လုပ်ဆောင်
နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်


Thursday, November 13, 2008

Tuesday, November 11, 2008

နုပျိုအောင် ဘယ်လိုနေမလဲ

နုပျိုအောင် ဘယ်လိုနေမလဲ

1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့ အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။

2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။



3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊ ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ် သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။ စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's! ပဲပေါ့

4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။

5. ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။ ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင် သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။



6. သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့ တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့ဗျာ။

7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊ ၀မ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။ ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့ ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။

8. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင် ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။

9. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။ အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ် ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။



10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

ကျွန်မကတော့ ဒီလိုနုပျိုအောင်နေနည်းကို နောက်ထပ်လူတွေကိုလည်း မျှဝေပေးစေချင်တယ်လေ။ တစ်ချို့မေလ်းတွေမှာ တွေ့ရတတ်တယ် မဟုတ်လား.. send this to at least 10 people …ဘာညာ ဘာညာပေါ့။ မပို့တော့ကော ဘာဖြစ်သွားမှာ မို့လို့လဲ။ 10 ယောက်ဆီ မဟုတ်တောင် ကိုယ်ချစ်တဲ့၊ ကိုဂရုစိုက်တဲ့ လူတစ်ယောက်လောက်ကိုပဲ ပြောပြလိုက်မှာပေါ့။


The 4 wives of our lives

ဟိုးရှေးရှေးတုန်းကပေါ့ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကိုတော့ အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနုညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံပါသတဲ့။ တတိယမြောက် မိဘုရားကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း တိုင်းပြည်တွေကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီမိဘုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့ သူစိုးရိမ်နေတတ်ပါတယ်။

ဒုတိယမြောက် မိဘုရားကို ချစ်တာကျတော့ တစ်မျိုး.. အဲဒီမိဘုရားကို သူ့ရဲ့တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့ တိုင်ပင်လေ့ရှိပြီး မိဘုရားကလည်း အမြဲကူညီဖြေရှင်းပေးပါတယ်။ ပထမဦးဆုံး မိဘုရားကတော့ ဘုရင်ကြီးအပေါ်မှာ တော်တော်သစ္စာရှိပါတယ်။ ဘုရင်ကြီးရဲ့ အုပ်ချုပ်ရေး ပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်း နှစ်နှစ်ကာကာကို ချစ်ခင်မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့ သူ့ကို တစ်ခြား မိဘုရားတွေလောက် မချစ်ပါဘူး။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ အသဲအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘ၀သက်တမ်း ကုန်ဆုံးတော့မှာကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားမိပြီး "ငါ့မှာ မိဘုရား လေးယောက်ရှိတယ်.. ဒါပေမယ့် ငါသေရတော့ တစ်ယောက်ထဲပါလား" လို့ တွေးတော့မိတယ်။ နောက်တော့ သူက သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကို ခေါ်ပြီး မေးလိုက်တယ်..

"အချစ်ရေ.. ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်နော်.. မင်းကို ကောင်းပေ့၊ လှပေ့ဆိုတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကို ချီးမြှင့်ခဲ့တယ်၊ မင်းကိုလည်း ငါ အရမ်းဂရုစိုက်ခဲ့တယ်.. မင်း ငါနဲ့ အတူတူလိုက်သေနိုင်မလား" ။ "လုံးဝပဲ" လို့ မိဘုရားက ပြန်ပြောလိုက်တယ်။ နောက်ထပ် စကားတစ်လုံး တစ်ပါတမှ မပြောပဲ လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းသလိုပဲ ခံစားရစေပါတယ်။

ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာ ဒုတိယမြောက် မိဘုရားကို ခေါ်ပြန်တယ်။ "ငါဟာ မင်းကို ငါ့ဘ၀နဲ့ ချီပြီးချစ်ခဲ့တယ်။ ခုတော့ ငါသေရတော့မယ်.. မင်း ငါနဲ့တူတူ လိုက်သေနိုင်မလား"။ "မသေနိုင်ပါဘူးရှင်... ဘ၀ဆိုတာ ကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ..ရှင်သေရင် ကျွန်မ နောက်တစ်ယောက်နဲ့ လက်ထပ်မှာပေါ့" လို့ဖြေလိုက်တယ်။ ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက်တောင့်တင်းသွားလေရဲ့။

နောက်တော့ တတိယမြောက် မိဘုရားကိုလည်း ခေါ်လိုက်တယ်။ "ငါဟာ အမြဲတမ်းပဲ မင်းရဲ့ အကူအညီတွေကို ယူခဲ့တယ်.. မင်းကလည်း ပြသနာတွေကို ငါနဲ့အတူတူရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူလိုက်သေနိုင်မလား အချစ်ရယ်"။ "၀မ်းနည်းပါတယ်ရှင်.. ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင်တော့ပါဘူး.. အဲ ဒါပေမယ့် ရှင့်ရဲ့ အသုဘကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်.. ရှင့်ရဲ့ အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်" လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်ကြီးဟာ အတော်လေးကို စိတ်ဆင်းရဲသွားတယ်။

အဲဒီအချိန်မှာပဲ "ကျွန်မ ရှင်နဲ့ အတူတူလိုက်သေမယ်.. ရှင်ဘယ်သွားသွား ရှင့်နောက်က ကျွန်မလိုက်ဖို့ အသင့်ပါပဲ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင်ကြည့်လိုက်တယ်။ သူ့ရဲ့ ပထမဆုံး မိဘုရားကို သူတွေ့လိုက်ရတယ်။ သူမဟာ အတော်လေးကို ပိန်လှီးနေပြီး ဝေဒနာ ခံစားနေရပုံ ပေါက်နေတယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကို ပြောလိုက်တယ် "ငါ မင်းကို ပိုဂရုစိုက်ခဲ့သင့်တာ.. နောက် ဘ၀မှာ အခွင့်အရေး ရှိမယ်ဆိုရင် ငါပြန်လည်ပေးဆပ်ဖို့ မျှော်လင့်ပါတယ်" လို့ပြောလိုက်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘ၀မှာ ဇနီးလေးယောက်ရှိပါတယ်...

စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာပါပဲ.. သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ကျွေးမွေး ပြုစုခဲ့ပါစေ.. သေသွားတဲ့ တစ်နေ့မှာတော့ ထားခဲ့ရတာပါပဲ။
တတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာ တစ်ပါးသူ လက်ထဲရောက်သွားတာပဲလေ။
ဒုတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီး ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံး လုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့အချိန်မှာ အသုဘ လိုက်ပို့မယ်.. နောက်တော့ အုတ်ဂူလေးဆီလာကြမယ်.. ဆုတောင်းပေးကြမယ်။
အဲ. ပထမဆုံး ဇနီးကတော့ ကျွန်တော်တို့တွေရဲ့ ၀ိညာဉ်.. စိတ်ပဲပေါ့ဗျာ။ သူ တစ်ခုတည်းကသာ သေသွားတဲ့ အချိန်မှာ ကိုယ်သွားရာနောက်ကို လိုက်နိုင်တဲ့ သူတွေပေါ့။


အဲဒီတော့ ကျွန်တော်တို့တွေ လုပ်သင့်တာက ကိုယ့်ရဲ့ စိတ်ဓါတ်၊ စိတ်အင်အားကို ခုကတည်းက တောင့်တင်းခိုင်မာအောင် လုပ်ကြဖို့ပါပဲ။ ပြောရမယ်ဆိုရင် ကိုယ်သေချိန်မှာ ဘ၀ကူးကောင်းအောင် ခုကတည်းက ပြင်ဆင်ထားသင့်တာပေါ့။ ကျွန်တော်တို့ ကျင်လည်ရာ သံသရာမှာ သူကသာ အဓိက ဖြစ်ပါတယ်။ ဒီအတွက် အဆင်သင့်နဲ့ အကောင်းဆုံးဖြစ်နေမှာပဲပေါ့။
၁၁-၁၁-၂၀၀၈ မြန်မာ့အလင်းသတင်းစာ

Monday, November 10, 2008

ဒီအိမ်လေးက ကျွန်တော်မမက လက်ဆောင်ပေးထားတာပါ



ပင်ပန်း နွမ်းနယ်ခြင်း နှင့် ကျန်းမာရေး ပြဿနာများ

ပင်ပန်း နွမ်းနယ်ခြင်း နှင့် ကျန်းမာရေး ပြဿနာများ

"ပင်ပန်း လိုက် တာ ဆရာရယ်၊ကျွန်မ အိပ်ရေး လည်း ၀ပါတယ်။ အစားလည်း မှန်ပါတယ်။ ဒါပေမယ့် အမြဲတမ်း နုံးချိ နေတာပဲ။ အလုပ် မှာ လည်း ထူးပြီး မပင်ပန်း ပါဘူး။ ဘာဖြစ်မှန်း ကို မသိပါဘူး ဆရာရယ်"

(၃၅) နှစ်အရွယ် အမျိုးသမီး တစ်ယောက်ရဲ့ ပြဿနာပါ။ တစ်ချို့က လည်း အားနည်းတယ် ဆိုပြီး အကြောဆေး ထိုးပေးပါ ဆိုတာမျိုး လည်း ရှိတတ် ပါတယ်။ ညဘက် ၇-၈ နာရီ အိပ်တယ်။ အစားအသောက် လည်း ပုံမှန် စားတယ်။ သာမန် အိမ်မှု ကိစ္စလေးတွေ တောင် မလုပ်နိုင် လောက်အောင် ပင်ပန်း နွမ်းနယ် နေပြီ ဆိုရင်တော့ သင့်မှာ ငုတ်လျှိုး နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုခုရှိနိုင်တယ် ဆိုတာ သတိပြု သင့် ပါတယ်။ ဘယ်လို ပြဿနာတွေလဲ…ကြည့်ကြရအောင်…
(၁)သွေးအားနည်းခြင်း(Anemia)
လူတော်တော် များများဟာ မိမိကိုယ်တိုင်သွေး အားနည်း နေတာကို သတိမထားမိ တတ်ကြပါဘူး ။ သွေးထဲမှာရှိတဲ့ ဟေမိုဂလိုဘင် ပမာဏ ဟာ အမျိုးသား များမှာ ၁၃.၈ - ၁၇.၂ မီလီ ဂရမ် / ဒက်ဆီ လီတာ ရှိပြီး အမျိုးသမီး များ မှာတော့ ၁၂.၁- ၁၅.၁ မီလီ ဂရမ် / ဒက်ဆီ လီတာ ရှိပါတယ်။ ရာသီသွေး ဆင်းခြင်း၊ သားအိမ် အတွင်း အကျိတ်ကြောင့် သွေးဆင်းခြင်း ၊ လိပ်ခေါင်း ရောဂါ စတာ တွေ ကြောင့် သွေး ဆုံးရှုံးမှု ဖြစ်ပွားကာ သွေးအားနည်း ရောဂါ ရရှိနိုင် သလို၊ အစား အသောက်ရှောင် သူ ။ သတ်သတ် လွတ် ကြာရှည် စွာ စားသုံးသူ တွေမှာ လည်း သွေး အားနည်း ရောဂါ ရဖို့ အခွင့်အလမ်း ပိုများ ပါတယ်။ သွေးထဲမှာ ဟေမိုဂလို ဘင် ပမာဏ နည်းလျှင် တစ်ရှူး နှင့်ကြွက်သားများကို အောက်ဆီဂျင် လုံလောက်အောင် မထောက်ပံ့နိုင်တော့ပါဘူး ။ဒါကြောင့် ပင်ပန်း နွမ်းနယ်မှု ဝေဒနာ ကို ခံစားရ တတ်ပါတယ်။ အစိမ်းရင့် ရောင် ရှိသော အသီး အရွက်များ၊ အသားနှင့် ငါးများ ကို မျှတအောင် စားသုံး သင့်ပါတယ်။ သံဓါတ် အား တိုးဆေး များ ကိုလည်း လိုအပ်လျှင် သောက် သုံး ရပါမယ်။ လိပ်ခေါင်း ကဲ့သို့ ရောဂါများ ကိုလည်း ပျောက်ကင်းအောင် ကုသခြင်း ဖြင့် သွေးအား နည်းရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

(၂)သိုင်းရွိုက်ဟော်မုန်းအားနည်းခြင်း(hypothyroidism)
သိုင်းရွိုက်ဂလင်း ဟာ လည်ပင်းမှာ ရှိပြီး သေးငယ် တဲ့ လိပ်ပြာ ပုံသဏ္ဍန် ဂလင်း လေး ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်း အားနည်း နေတဲ့ သူဟာ အမြဲလိုလို နှေးကွေး လေးလံ နေတတ်ပြီး စိတ်ကျ ရောဂါ လည်း ရှိနေ တတ်ပါတယ်။ အမေရိကန်မှာ အသက် (၆၀) အရွယ် အမျိုးသမီး ၁၇% မှာ သိုင်းရွိက် အားနည်း ရောဂါ ခံစား နေရပြီး hashimoto's thyroiditis ခေါ် ကိုယ်ခံ စွမ်းအား စနစ်က သိုင်းရွိုက် ဆဲလ်ေ တွ ကို ဖျက်ဆီး ပစ်တဲ့ ရောဂါ ဟာ အဆိုပါ အမျိုး သမီး တွေမှာ အဓိက ပြဿနာဖြစ် ပါတယ်။ T3,T4 ခေါ် သိုင်းရွိုက် ဟိုမုန်း ပမာဏ နည်းနေ တတ်ပြီး သိုင်းရွိုက် ဟိုမုန်း အစားထိုး ကုသခြင်း ဖြင့် တက်ကြွဖျတ် လတ်တဲ့ဘ၀ကိုပြန်လည်ရရှိနိုင်ပါတယ်။

(၃)ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဆီးပူခြင်း၊ ဆီးကျဉ်ခြင်း၊ ကိုယ် အပူချိန် တက်ခြင်း စတာ တွေဟာ ဆီးလမ်းကြောင်း ပိုဝင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သို့ပေမယ့် လူတိုင်း တသမတ် တည်း ခံစားရတာ မဟုတ်ပါဘူး။ တစ်ချို့ အမျိုးသမီး တွေဆို လျှင် မောပန်း နွမ်းနယ် ရုံ သက်သက်သာ ခံစား ရပါတယ်။ တခြား ဘာလက္ခဏာ မှ မပြတတ် ပါဘူး။ ဆီးလမ်းကြောင်း တစ်လျှောက် မှာရှိတဲ့ ဘက်တီးရီးယား တွေ ဟာ အဓိက ပြဿနာ ဖြစ်ပါတယ်။ တကိုယ်ရည် သန့် ရှင်းရေး အားနည်းသူ တွေမှာ ခဏခဏ ဖြစ်ပွား တတ်ပါတယ်။ ပဋိဇီဝ ဆေးတွေနဲ့ ကုသ နိုင်ပြီးတစ်ကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုစိုက်ရပါမယ်။

(၄)ကဖင်းဓါတ်
ကျွန်တော်တို့ ပင်ပန်း နွယ်နယ်နေ ချိန်ဆိုရင် ကော်ဖီတစ်ခွက် ၊ကိုလာတစ်ဘူးသောက်လိုက်ရရင် ပြန်လည် အားပြည့် လာ သလို ခံစား ရပါတယ်။ ဒါပေမယ့် တစ်ချို့သူ တွေမှာ တော့ ဆန့်ကျင်ဘက် အကျိုးရ လဒ် တွေပြ တတ်ပါတယ် ။ ကော်ဖီနဲ့ ကိုလာ ကဲ့သို့ အဖျော်ယမ ကာ များကို စွဲစွဲ လမ်းလမ်း သောက် သုံး ရင်တော့ ပင်ပန်း နွမ်းနယ်ပြီး လေးလေး မှိုင်မှိုင် ဖြစ်နေ တတ်ပါတယ်။ ညဘက် အလုပ်ဆင်း ရတဲ့ ဆရာဝန် သူနာပြု တော်တော် များများ ဟာ ကော်ဖီ တော်တော် သောက် ကြ ပါတယ်။ ကော်ဖီ သောက်မှ လန်းဆန်း မယ် ဆိုပြီး လိုအပ်တာ ထက်ပိုသောက်ရင်တော့ဥပါဒ်ဖြစ်တတ်တယ်ဆိုတာသတိပြုသင့်ပါတယ်။

(၅)အစားအသောက်မတည့်ခြင်း
ကျွန်တော်တို့ တွေနေ့စဉ် လှုပ်ရှား သွားလာ ဖို့၊ အားအင်ပြည့် ဖြိုးပြီး လန်းဆန်း တက်ကြွ နေဖို့ အတွက် အစား အသောက်ကို ညီညွတ် မျှတ အောင် စားနေ ရပါတယ်။ သို့ပေမယ် သတိ မထားမိတဲ့ အစားမတည့် သည့် ပြဿနာ (Food allergy) ရှိနေတတ် ပါတယ်။ စားသောက်ပြီး အင်ပြင် တွေထ၊ အသက်ရှု တွေ ကျပ်လာမှ ဓါတ် မတည့်တာလို့ အများ ကသိ ထား ကြပါတယ်။ တစ်ချို့ အစား အသောက် တွေက လက္ခဏာ ကြီးကြီး မားမား မပြ တတ်ပါဘူး ။ စားသောက်ပြီး အားပြည့် သလိုမခံစားရပဲ ပင်ပန်းနွမ်းနယ်နေ တတ် ပါတယ်။ အစား အသောက် တစ်ခုခုစားပြီး(၁၀) မိနစ်အတွင်း အိပ်ချင် လာတယ် ၊နုံးချိချိ ဖြစ်လာတယ် ဆိုလျှင်တော့ အဲဒီ အစား အသောက် နဲ့ မတဲ့ဘူးဆိုတာသံသယ၀င်သင့်ပါတယ်။

(၆)အိပ်နေစဉ်အသက်ရှုရပ်ခြင်း(sleep-apnea)
ဒါနဲ့ ပက်သက်လို့ အရင်လည်း ရေးခဲ့ ဘူးပါတယ်။ အိပ်နေစဉ် မှာ အသက်ရှူ လမ်းကြောင်း ပိတ်ပြီး လန့်နိုးလာ တတ်ပါတယ်။ အ၀လွန် ရောဂါ သည်တွေမှာ အဖြစ်များ ပြီး ညဘက်အိပ် လျှင်ဟောက် တတ်ကြပါ တယ်။ အလုပ်မှာ အမြဲ အိပ်ငိုက်နေ တတ်ပြီး တက် တက် ကြွကြွ ဖျတ်ဖျတ် လတ်လတ် မရှိ ပါဘူး။ ပင်ပန်း နွမ်း နယ်ရုံ သာမက နှလုံးသွေး ကြော ကျဉ်းရောဂါ၊ လေဖြတ်လေ ငန်းရောဂါတွေ ခံစား ရဖို့ အခွင့်အလမ်း ပို များ ပါတယ်။ ဆေးလိပ် အရက် ကို ရှောင်ကျဉ် ပြီး ကို အလေးချိန် ကျအောင် ကြိုးစား ရပါမယ်။ လိုအပ် လျှင်တော့ သင့်ရဲ့ ဆရာဝန်ကအိပ်နေစဉ်မှာသုံးဖို့ကိရိဟာလေးတစ်ခုဝယ်ခိုင်းပါလိမ့်မယ်။

(၇)နှလုံးရောဂါ
နေ့စဉ် ပုံမှန် လုပ်နေတဲ့ အလုပ် တွေဟာ သင့် အတွက် ၀န်ထုပ် ၀န်ပိုး ကြီး ဖြစ်လာမယ် ၊ခြံထဲမှာ လမ်းဆင်း လျောက် တာ လောက် နဲ့မောပန်း နွမ်းနယ် လာမယ် ။ ညအိပ်ရင် ခေါင်း အုံး မြင့်မြင့် လေးနဲ့ မှ အဆင် ပြေတယ်၊ တခြားရောဂါ လည်း ရှာလို့ မရဘူးဆိုရင်တော့ သင့်ရဲ့ နှလုံး ပုံမှန် အလုပ်လုပ် နိုင်ရဲ့ လား ဆိုတာ စမ်းသပ်စစ်ဆေးဖို့လိုလာပါပြီ။
စာဖတ်သူများ ကိုယ်စိတ် နှစ်ပါး ရွှင်လန်း ချမ်းမြေ့ပါစေ။

Sunday, November 9, 2008

နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောကျဉ်းရောဂါ


နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး
ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း
ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ
ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ
ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း
အမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာ
ဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါ
တယ်.. အမေရိကန်နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်ပေါ်နေပါတယ်..

နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

1. သွေးတိုးရောဂါ (Hypertension)
2. သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
3. ဆေးလိပ်သောက်ခြင်း (Smoking)

တို့ဖြစ်ပါတယ်...
နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့

* ဆီးချိုသွေးချိုရောဂါ (Diabetes)
* စိတ်ဖိစီးမှုများခြင်း (Stress)
* အဝလွန်ခြင်း (Overweight)
* လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)


တို့ဖြစ်ပါတယ်..

အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..



နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)

* ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း

o ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..

* အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊

* ပျို့အန်ခြင်း၊

* အလွန်အမင်း ချွေးထွက်လာခြင်း၊

* အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..



ရောဂါစမ်းသပ်စစ်ဆေးချက်များ

* Exercise Electrocardiogram (ECG) ရိုက်ခြင်း၊

* Cardiac Catheterization

o Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..

* ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊

* သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊


တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..
လိုက်နာရမည့်အချက်များ

* တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ

* ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်

* သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်

* သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်

* စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်



ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..

* Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ

* သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....

* သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)

* ခွဲစိတ်ကုသမှု-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..

အမောပြေ(၂)

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

တစ်နေ့တာအမောပြေ

အထီးအမခွဲခြားနည်း-

“မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ” ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
“ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။”
“အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ”

Monday, January 21, 2008


၂၁-၁-၀၈

Wednesday, January 2, 2008

Tuesday, January 1, 2008

သနပ်ခါး
ပြည့်စုံပါစေ(ဘိုဖြူ)