စည်သူဘလော့မှနွေးထွေးလှိုက်လှဲစွာကြိုဆိုပါတယ်

Monday, February 23, 2009

မေတ္တာပို့နေလို့ပါ…" ( မနှောင့်ယှက်ရ ) "

မအိပ်သေးခင် ၊ ဘုရားရှင်ကို
ဦးတင်ရိုကျိုး ၊ လက်အုပ်မိုးလို့
ရှိခိုးမယ်ပေါ့ဗျာ ။

သြကာသ စ ၊ တရားအဆုံး
စင်္ကြာလုံးကို ၊ မေတ္တာတုံးတွေ
ပေးဝေမယ်ပေါ့…..။

အရှေ့ အရပ် ၊ နေထိုင်အပ်သော
သတ္တ၀ါများ ၊ စိတ်မှာထားစဉ်
ဟဲ့ … ဘာဖြစ်တာတုန်း… ? ။

ညာဘက်တင်ပါး ၊ နောက်အနားက
ဘာများနှောင့်ယှက် ၊ အပူတက်လဲ
တစ်ချက် ချက် ( check ) မယ်….။

ဦးခေါင်းကိုငိုက် ၊ တင်ကို ဟိုက် ( high ) လို့
မိုက်မိုက် ကန်းကန်း ၊ သွေးတိုးစမ်းတယ်
ကြည့်စမ်း…လား…လား..? ။

မော်စကွစ်တို ( mosquito ) ၊ မှောင်ရိပ်ခိုပြီး
ကျုပ်ကို တကယ် ၊ အဟုတ်တွယ်ပြီ
ဒီလို ရ ကြေး လား…ကွ ။

မိုးမှာသိကြား ၊ ဗိုလ် မထားဘူး
ကျုပ်အားစော်ကား ၊ သကောင့်သားအား
ဆုံးမထားမှ တော် ချိမ့် မည် ။

ညာလက်ဖ၀ါး ၊ ဦးချထားလည်း
မဟားဒယား ၊ ဒင်းစော်ကားလို့
လာထားစမ်းကွ …… ဖြန်း ။

အဟမ်း အဟမ်း ၊ ဆက်ပို့စမ်းမယ်
ဝေဖြန်းမေတ္တာ ၊ ဒီ ၀ဠာက
သတ္တ၀ါ အပေါင်း ကျန်းမာကြပါစေ….။ ။



++++++++++++++++++++++++++++

No comments: