ဟိုဘက်ခြံက ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ညား သူတို့ချစ်ခြင်းရဲ့အချစ်သက်သေ အိမ်မှာ ဥတစ်လုံးကျ
ဟိုဘက်ခြံကအကောင် ပုကွကွ စကားပြော ဘုကျကျ ကျုပ်ခြံထဲကဥကို လာပြီး မ
ငါ့ခြံထဲမှာဥတဲ့ဥ ငါ့ကြက်မရဲ့ဥ အတင်းဝင်ကောက်တဲ့ ဟိုဘက်ကဂျပု မလွန်ခင် တူနဲ့ထု
မင်းကြက်အထီးက မဥတဲ့ဘ၀.. အဲ့ဒါ မင်းကိတ်စ.. မင်းမကျေနပ်ရင် ကိုယ်တိုင်ထိုင်ဥဟ..
အဲဒီမှာစ ၀ုန်းဒိုင်းကြဲကြ.. အမျိုးတွေကလေးတွေ ဂျပုကို ၀င်ပြီးချ. မုတ်ဆိတ်ကိုဆွဲ..
ဒူးနှစ်လုံးကြားထည့် သူ့ကျောကိုထုတာ လက်တောင် မလည်ဘူးတဲ့..
နှုတ်ခမ်းတွေကွဲလို့ ခေါင်းလည်းဖု အညှိုးထားသွားတဲ့ဂျပု..
ဥကိုမရတော့ ကျုပ်ကြက်မ သန်းခေါင်မှာ ဂွနဲ့ထု.. ကြက်မကြီး မာလကီးယားလို့
သူ့နွားကြီး မှိန်းနဲ့ထိုး နွားသေသွားလို့ သူကြီးတိုင်တော့ အကြောင်းဆိုး...
အသက်ခြောက်ဆယ်မှ ထိပ်တုံးနဲ့ညား ဒေါကန်ရတာ ပြောစရာမရှိဘူးခင်ဗျ..
ဂျပုဘက်ကအမျိုး.. ကျုပ်ဘက်ကအမျိုး လမ်းမှာတွေ့ရင် ဦးရာလူကချ..
နေတက်ရေတက်မှာ မွေးတဲ့ကျုပ် စိတ်ထားက ခပ်ပုပ်ပုပ်..
အချုပ်အနှောင်လွတ်တဲ့နောက်နေ့မနက် အိမ်ပြန်အကြံကြီးထုတ်
လူပါးဝလွန်းတဲ့ ဂျပုမျက်ခွက် မျက်စိထဲကမထွက် သူ့စပါးကျီထဲကို မီးအိမ်သွားပစ်ထည့်..
အဲဒီမှာစ ၀ုန်းဒိုင်းကြဲကြ.. အမျိုးတွေ ကလေးတွေ လွတ်ရာကိုပြေးဟ..
ဂျပုရဲ့အိမ်ထက် Fire ကကဲ.. သိပ်မကြာသေးခင် ကျုပ်အိမ်ပါ မီးစွဲ..
ကျုပ်တစ်ရွာလုံးက ၀ိုင်းငြိမ်းရ.. ကျုပ်ရှို့တဲ့မီးခင်ဗျ.. ကြက်ဥတစ်လုံးကစတဲ့အစ..
နှစ်အိမ်ထောင် ပြာဖြစ်ကြ.. သင်ခန်းစာရလို့ ပုခုံးထဖက်.. ဂျပုက ရှုံ့မဲ့မဲ့.
နောက်တစ်ခါ ကြက်တွေ မဥအောင် လုပ်ထားကွာ..
No comments:
Post a Comment